သထုံမြို့ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
သထုံ ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ နံနက်မှစတင်ဖွင့်လှစ် လျက်ရှိရာ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျောင်းအသီးသီးတို့၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာဖြင့် စတင်တက်ရောက် သင်ကြားကြလျက် ရှိကြောင်း တွေ့ရသည်။
သထုံမြို့နယ်အတွင်း ကျောင်းများစတင်ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဆရာမများတို့က စနစ်တကျ စီစဉ်ဆောင်ရွက်ပေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask များဝေငှခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
သထုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၈၀ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၇ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၁ ကျောင်း ရှိပြီး မေလ ၂၃ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ မေလ ၃၁ ရက်နေ့အထိ ကျောင်းသားကျောင်းသူပေါင်း ၄၁၈၉၀ ဦး လာရောက်ကျောင်းအပ်နှံပြီး ကြပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)