လမ်းမတော် ဇွန် ၁
ပုဂ္ဂလိကစီးပွားရေးအဝန်းအဝိုင်း တစ်ရပ်လုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားရှိသည့် ကုန်သည်စက်မှုအသင်းချုပ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ်အစည်းအဝေးကို ယမန်နေ့တွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် UMFCCI Business Institute တည်ထောင်ရေးလုပ်ငန်း အစီအစဉ်လျာထားချက် (မူကြမ်း)၊ ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ သင်တန်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးသက်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ အတွင်းရေးမှူး ဒေါ်ချိုသီရိမောင်၊ ကော်မတီအဖွဲ့ဝင်များနှင့် အသင်းချုပ် အမှုဆောင်အရာရှိချုပ် ဒေါက်တာဇော်ဌေးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်