သင်္ဃန်းကျွန်း ဇွန် ၁
ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သွား/ဆေး တက္ကသိုလ် ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းအချိန်က ကျောင်းများစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းပျော်ရွင်စွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းများဖွင့်လှစ်ရာ၌ အစာသင်ကျောင်းများအားလုံး စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် နယ်မြေခံစစ်ကြောင်းမှူး တပ်ရင်း (၃) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ထွန်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ လိုက်လံကြည့်ရူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)