ကျိုက်လတ် ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများအား ယနေ့ ဇွန်လ (၁)ရက်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာဖြင့်တက်ရောက်လျက် ရှိသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက်နေမှုအား မြို့နယ်စီမံအုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက် နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ခဲတံ၊ ဘော့ပင်၊ကျောင်းဝတ်စုံများ (အခမဲ့)ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်ရီရီမြင့်