မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ နှင့်ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ  ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆောင်ရွက်

မိုးနဲ ဇွန်   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ ၊ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က မြို့နယ်အတွင်းကိုဗစ်ရော ဂါကာ ကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင်  အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလို ကြောင်း၊  မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများနှင့် ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး သက်‌ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ကွင်းဆင်းကြည့်ရှုလျက်ရှိပါကြောင်း၊ ‌ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် တောင်သူများ၏လိုလားချက်များအား ပြန်လည်သတင်း ပေးပို့နိုင်ရေးများ ကျရောက်လာပါက မိမိရုံး စာရွက်/ စာတမ်း လုံခြုံစွာထားရှိနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းသို့ရောက်ရှိရေးနှင့် ကျောင်းအပ်ရာနှုန်း ပြည့်မီရေး၊ ပြည်နယ်တီဘီရောဂါ ရှာဖွေကုသရေး မိုဘိုင်းအဖွဲ့မှ လာရောက်မည်ဖြစ်၍ ဆေးဝါးကုသမှု ခံယူလိုသူများ သိရှိနိုင်ရေးဆောင်ရွက်‌စေလိုကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)