မောက်မယ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုအခြေခံ အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မောက်မယ် ဇွန် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လင်းခေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သင်တန်းနည်းပြနှင့် သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လင်းခေးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူများ (၁၅)ဦးတက်ရောက်ပြီး အဆိုပါသင်တန်းအားဇွန်လ(၃၀)ရက်နေ့အထိ တစ်လကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)