နမ္မတူ ဇွန် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတစ်ဝန်း အခြေခံပညာစာသင်ကျောင်းများအား ဇွန်လ (၁)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နမ္မတူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၆)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁)ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၁)ကျောင်း၊ မူလတန်းကျောင်း (၃၂)ကျောင်းနှင့် မူလတန်းကျောင်းခွဲ (၂)ကျောင်း၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း (၅၄)ကျောင်း ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ ၅၃၉၅ ဦးရှိပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၄၉၉၀ ဦး စိတ်အေးချမ်းမြေ့စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)