မိတ္ထီလာ ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ချည်မျှင်ရှည်ဝါစိုက်တောင်သူများ မျိုးကောင်း မျိုးသန့် စိုက်ပျိုးနိုင်ရေး ချည်မျှင်ရှည်ဝါမျိုးစေ့များ အခမဲ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၈နာရီခွဲ အချိန်က ရေချိုကျေးရွာရှိ စိုက်ပျိုးရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ခုနှစ် ချည်မျှင်ရှည်ဝါသီးနှံကို မိုးကြို ဧက ၉၀၀ ၊ မိုး ၃၆၀၀ နှင့် မိုးနှောင်း ၈၄၀၀ ဧက စိုက်ပျိုးနိုင်ရန် လျာထားသတ်မှတ်ထားရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ် မိုးကြို၊ မိုး၊ မိုးနှောင်းရာသီတွင် ရွှေတောင်-၈ ၊ ရွှေတောင်-၁၀ မျိုးများကို အဓိကထားစိုက်ပျိုးခဲ့ရာ မိုးကြိုရာသီတွင် စိုက်ပျိုးခဲ့သော ဝါမျိုးစေ့ထုတ်မှ ထွက်ရှိသည့် ရွှေတောင်-၁၀ မျိုးများကို ပိဿာ ၆၀၀၀၊ ဧက ၂၀၀၀စာကို စုဆောင်း ထားရှိပြီး ယခုနှစ် မိုး၊မိုးနှောင်းရာသီအတွက် အခမဲ့ပြန်လည်ဖြန့်ဖြူးသွားမည်ဖြစ်ရာ မိုးကြိုချည်မျှင် ရှည်ဝါ B-31 စိုက်ဧက ၇၅ ဧကကို ကွက်ငယ်ကျေးရွာအုပ်စု ကြာကန်ကျေးရွာတွင် ဖြန့်ဖြူးထားပြီး ဖြစ်ပါကြောင်း၊ မိုးချည်မျှင်ရှည်ဝါသီးနှံ B-31 စိုက်ဧက ၁၀၀နှင့် မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ B-31 စိုက်ဧက ၁၅၀ တို့အတွက် ဆက်လက်ဖြန့်ဖြူးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးတို့က ၂၀၂၃-၂၀၂၄ခုနှစ် မိုး၊မိုးနှောင်းရာသီအတွက် ချည်မျှင်ရှည်ဝါသီးနှံကို ရေချို၊ အရာတော်၊ လိန်တော၊ ညောင်ပင်လျှို၊ ညောင်ဇောက်၊ ရွှေစစ်သည်၊ ကျောက်ဖြူကုန်းကျေးရွာအုပ်စုတို့မှ ရွှေတောင်-၁၀ စိုက်ဧက ၂၂၀နှင့် B-31 စိုက်ဧက ၁၀၀တို့အတွက် ဒေသခံတောင်သူများအား မျိုးစေ့များ အသီးသီး ပေး အပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင် များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သိန်းမြင့်ကျော်(မိတ္ထီလာ)