တုံတာမြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် ရုပ်ပုံပြ ပုံပြင်ပြောခြင်း အစီအစဉ်လွှင့်တင်ဆောင်ရွက်ပေး

တုံတာ ဇွန်လ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အသိပညာပေးအစီအစဉ်များကို Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ ယနေ့တွင်စာထောက်-၃ ဒေါ်‌‌အဲန်း‌မေရီက စာဖတ်ပရိတ်သတ်များအတွက်‌ တိုင်းလုံစာ‌ပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထား‌သော “ညီညွတ်ကြမယ်’’ စာအုပ်ဖြင့် ရိုက်ကူးကာ တုံတာမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တုံတာမြို့ရုံးအနေဖြင့် ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကိုယ်ရည်ကိုယ်သွေးထက် မြက်လာစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက်  ကဗျာရွတ်ခြင်း၊ ပုံပြင်‌ပြောခြင်းစသည့် အသိပညာပေးအစီအစဉ်များအပြင် စာဖတ်ပရိတ်သတ်များအတွက် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များကိုလည်း ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရ သည်။

အဲန်းမေရီ