မူဆယ် ဇွန် ၂
ယနေ့ ဇွန်လ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံးအခြေခံပညာရေးကျောင်းများ ဖွင့်လှစ်သင်ကြား လျက်ရှိကာရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများလည်း ယမန်နေ့နံနက်(၈း၃၀)အချိန်မှစ၍ အေးချမ်းစွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
မူဆယ်မြို့နယ်အတွင်း အခြေခံပညာရေးကျောင်းများဖြစ်သော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ(၉၉၃)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ(၁၄၂၇)ဦး၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ(၁၄၀၁)ဦး တက်ရောက်လျက်ရှိပြီး အလယ်တန်းကျောင်းခွဲများနှင့် မူလတန်းကျောင်းခွဲများလည်း အသီးသီးဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ ထို့အပြင် ကိုယ်ပိုင်ပညာရေးကျောင်းများတွင် ကျောင်းသား/သူ(၃၃၁၈)ဦး တက်ရောက်သင်ကြား လျက်ရှိပါသည်။
မူဆယ်မြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် တက်ရောက်လျက်ရှိသော ထက်/လယ်/မူ ကျောင်းသား/သူစုစုပေါင်း (၁၆၀၁၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)