မင်းဘူး(စကု)မြို့နယ်၌ စာသင်ကျောင်းများ စတင်ဖွင့်လှစ်

မင်းဘူး ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံအညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း‌ကျောင်းများကို ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားရာတွင် မင်းဘူး(စကု) တစ်မြို့နယ်လုံးတွင် ကျောင်းပေါင်း(၁၄၉) ကျောင်းရှိပြီး၊ မူလတန်းစာရင်းရှိ ကျောင်းသား ၂၂၀၆၇ ဦး၊ အပ်သူ ၂၀၀၀၀၊ အလယ်တန်းစာရင်းရှိ ၇၉၉၁ ဦး၊ အပ်သူ ၆၇၀၉ ဦးနှင့် အထက်တန်းကျောင်းသား စာရင်းရှိ ၄၄၆၄ ဦး၊ အပ်သူ ၃၃၂၃ ဦးတို့ဖြစ်ပြီး စုစုပေါင်းစာရင်းရှိ ကျောင်းသားဦးရေ ၃၄၅၂၂ ဦးဖြစ်၍ ကျောင်းအပ်သူပေါင်း ၃၀၀၃၂ ဦးရှိရာ မင်းဘူး(စကု)တစ်မြို့နယ်လုံးတွင် ကျောင်းသားအပ်သူ ၈၆.၉၉ ရာခိုင်နှုန်းရှိကြောင်း မင်းဘူးမြို့ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇေယျာထက်(မင်းဘူး)