စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားရာ ကျောင်းသား၊ ကျောင်းသူပေါင်း(၃၇၈၁၆)ဦး ပညာသင်ကြား

စလင်း ဇွန်  ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့တွင် ၂၀၂၃_၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာတစ်နိုင်ငံလုံးတွင် ယမန်‌နေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်ပြီဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၃၀၈)ကျောင်းမှ ကျောင်း(၂၉၉)ကျောင်း ဖွင့်လှစ်ခဲ့ပြီး မူလတန်းအဆင့် Kg-တန်း (၄၁၂၅)ဦး၊ Grade-1 (၅၀၀၂)ဦး၊ Grade -2 အတန်း(၅၃၀၆)ဦး၊ Grade-3 (၄၂၈၉)ဦး၊ Grade-4 (၃၅၂၅)ဦး၊ Grade-5 (၃၆၅၉)ဦး စုစုပေါင်း မူလတန်းအဆင့်(၂၅၀၀၆)ဦး၊ အလယ်တန်းအဆင့် တက်ရောက်သင်ကြားသူ Grade-6 (၂၅၈၈)ဦး၊ Grade-7 (၁၀၂၇)ဦး၊ Grade-8 (၂၇၆၅)ဦး၊ Grade_9 (၂၁၄၇)ဦး စုစုပေါင်းအလယ်တန်းအဆင့် (၈၅၂၇)ဦး၊ အထက်တန်းအဆင့် Grade-10 (၁၆၇၄)ဦး၊ Grade-11 (၁၁၇၀)ဦး၊ Grade-12 (၅၃၉)ဦး စုစုပေါင်းအထက်တန်းအဆင့် (၃၃၈၃)ဦး တက်ရောက်သင်ကြားကြပြီး မြို့နယ်တစ်ခုလုံးတွင် အေးချမ်းစွာဖြင့် တက်ရောက်ပညာသင်ကြားသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၃၇၈၁၆)ဦး သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)