လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာအုပ်စုတွင် ပန်းခင်း(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

လယ်ဝေး ဇွန် ၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ ဝန်ထမ်းများသည် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ကွင်းဆင်း၍ ပန်းခင်း(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာအုပ်စု၊ ပတ္တာကျေးရွာ၌ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက် လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

လယ်ဝေးမြို့နယ်၊ ရှားချောင်းအုပ်စု၊ ပတ္တာကျေးရွာမှ ပြည်သူ ၂၇ ဦးနှင့် စံဝါအောင်း (အ.လ.က၊ ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး စုစုပေါင်း ၇၇ ဦးကို  နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လယ်ဝေးမြို့နယ်ရုံးအနေဖြင့်  မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ကျောင်းများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်ဆက်)