နတ်မောက် ဇွန် ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဝံကိုက်ကျေးရွာရှိ ကျောင်းသားကျောင်းသူများအဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာနမှ(၉၀×၃၀) အာရ်စီတစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်တည်ဆောက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၇၈ ဒဿမ ၉၇၅ သန်းဖြင့် တင်ဒါအောင်မြင်သော ATTကုမ္ပဏီက တာဝန်ယူဆောက်လုပ်လျက်ရှိရာ ဝံကိုက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ မြေနေရာရှိသော အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်း (၅၄×၂၇)ပေအားဖျက်သိမ်း၍ (၉၀×၃၀) RCC(၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းအား စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးရေးကို ကျေးရွာအရည်အသွေးစစ်ဆေးရေးကော်မတီ၊ ကျေးရွာကျောင်း အကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူမူစန်း