ကျောက်ဆည်မြို့တွင် ကွမ်းရွက်တစ်ပိဿာ ငွေကျပ်(၂)သောင်းကျော် အရောင်းအဝယ်ရှိသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေ

ကျောက်ဆည်  ဇွန်  ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေးများ ပြန်လည်ကောင်းမွန်လာပြီးကွမ်းရွက်တစ်ပိဿာငွေကျပ်(၂)သောင်းကျော် အရောင်အဝယ်ရှိသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း  ကျားကာကျေးရွာမှ ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

ကွမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက သွင်းအားစုကြီးမားသဖြင့် ကွမ်းစိုက်ကျွမ်းကျင်သည့် တောင်သူ အနည်းစု သာစိုက်ပျိုးကြကြောင်း၊ ကွမ်းသီးနှံသည် နှစ်ရှည်သီးနှံအမျိုးအစားဖြစ်ပြီး အပင်အပြုအစုကောင်းပါက (၁၀-၁၅)နှစ်အထိ ကွမ်းရွက်များခူးဆွတ်ရောင်းချရသဖြင့် ကွမ်းစိုက်တောင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းနှင့် ကွမ်းခြံပိုင်ရှင်များသည် ကွမ်းရွက်အပြင် ကွမ်းမျိုးပင်များပါ ထုတ်ယူ ရောင်းချကြောင်း ကွမ်းစိုက်ပျိုးသူ ဦးသင်းကိုက ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုးကျေးရွာများတွင် ကွမ်းအများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်