ခန္တီး ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ရိတ်သိမ်းချိန် နောက်ပိုင်း ဆုံးရှုံးမှုများကို သတိထားလျော့ချနိုင်ရန်၊ ရိတ်သိမ်းချိန်လွန်နည်းစနစ်များကို တောင်သူများကိုယ်တိုင်သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရိတ်သိမ်းချိန်လွန်နည်းပညာ ပေးသင်တန်းနှင့် တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနတို့မှပူးပေါင်း၍ မေလ ၃၀ ရက်နေ့မွန်းလွဲ (၂) နာရီ အချိန်က ခရိုင်စိုက်ပျိုး ရေးဉီးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ခရိုင်စိုက်ပျိုးရေးဉီးစီးမှူး ဉီးနိုင်မော်လွင်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဉီးစီးမှူး ဒေါ်စုစုခိုင်ကဆင်းဧကရီ(၃) RS မျိုး စေ့များကို အကျိုးဆောင်တောင်သူများအား မျိုးစေ့ထုတ်လုပ်စေခြင်းဖြင့် ဒေသတွင်းမျိုးစေ့များအလွယ်တကူ ရရှိစေရန်နှင့် အထွက်ကောင်းမျိုးများ စိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေ မြင့်မား လာစေရန်ရည်ရွယ်၍ မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းအားဆက်လက်ပြုလုပ်ရာ ခရိုင်မျိုးစေ့တာဝန်ခံ ဉီးဝင်းကျော်ထွန်းနှင့် ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဉီးမင်းမင်းဇော်တို့က ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ ပညာရပ်များကို ရှင်းလင်းပြောကြားကာ တောင်သူများကလဲ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့်တောင်သူများအား သီးနှံမျိုးစေ့များ၊ ကြွက်သတ် ဆေးများ၊ စိုက်ပျိုးရေးဉီးစီးဌာနမှ ထုတ်ဝေသည့် ပဲမျိုးစုံသီးနှံများ၏ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် သိုလှောင် ကာလတွင် လိုက်နာရမည့် နည်းစနစ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်