စဥ့်ကိုင် ဇွန် ၂
၂၀၂၃-၂၀၂၄ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးဆောင်ပုဒ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးအားလုံးပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ဇွန်လ၁ရက်နေ့မှစတင်၍ ဖွင့်လှစ်ခဲ့ရာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် မနှစ်ကထက် ပိုမိုတိုးတက်များပြားစွာ အေးချမ်းစွာကျောင်းတက်ရောက် ပညာ သင်ကြားလျက်ရှိကြောင်းသိရသည်။
ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ထားသည့်မေလ၂၃ရက် ကနေ ၃၁ ရက်အထိ အခြေခံပညာ ကျောင်းပေါင်း (၁၁၃)ကျောင်းရှိပြီး ကျောင်းအပ်နှံသူစုစုပေါင်း(၂၃၃၆၆) ဦးထိလက်ခံထားပြီး ဖြစ်ကြောင်းကျောင်းအပ်နှံမှုတိုးတက်လာကြောင်းကျောင်းသို့ လာရောက်၍ ပညာ သင်ကြားကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းဝင်ပေါက်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားရှိပြီး သက်ဆိုင်ရာ အတန်းများအလိုက် စာသင်ကြားမှုများပြလုပ်နိုင်ရန် စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးဦးကိုကိုကြီးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)