ကလေးမြို့၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများပျော်ရွှင်စွာ ပညာသင်ကြား

ကလေး  ဇွန်  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ   ယနေ့ ဇွန် လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်၍ ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ သတ်မှတ်ထားပြီး  ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံး ဗလာ စာအုပ်၊ ခဲတံ၊  ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့သည်။

ကလေးမြို့နယ်တွင် ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်နှံထားရှိမှုမှာ အခြေခံပညာ ကျောင်းများ တွင် ၁၆၈၇၇ဦး၊ ဘုန်းတော်ကြီးသင်ပညာရကျောင်းများတွင် ၂၀၂၅ဦး၊ ကိုယ်ပိုင် ကျောင်း များတွင် ၆၀၂၆ ဦး စုစုပေါင်း ၂၄၉၂၆ ဦး အပ်နှံထားရာ ဇွန်လ (၁)ရက်နေ့၌ အခြေခံပညာ ကျောင်းများတွင် ၁၁၄၅၈ဦး၊ ဘုန်းတော်ကြီးသင်ပညာရကျောင်းများတွင် ၁၆၆၉ဦး၊ ကိုယ်ပိုင်ကျောင်းများတွင် ၅၄၃၅ ဦး စုစုပေါင်း ၁၈၅၆၂ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)