လားရှိုးမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

လားရှိုး ဇွန် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လားရှိုးခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း(၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စာစီစာကုံးပြိုင်ပွဲ ကျင်းပသည့်နေရာသို့ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိသူများကို ဇွန်လ(၅)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်မည်ဖြစ်ပါသည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” “Solutions to Plastic Pollution” ဆိုင်းဘုတ်ကို လားရှိုးမြို့ မြို့တော်ခန်းမရှေ့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)