ဖျာပုံ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် တာဝန်ရှိသူများသည် အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်မှုအား လှည့်လည်ကြည့်ရှုအားပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် ဖျာပုံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ လိုက်လံကြည့်ရှုအားပေး စကား ပြောကြားသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် ပညာရေးမှူး ဒေါ်အေးမြင့်နှင့် တာဝန်ရှိသူများမှ ကျောင်းအပ်ပြီးစီးမှုအခြေအနေ၊ ကျောင်းတက်ရောက်မှု အခြေအနေ၊ စာသင်ကြားနေမှု အခြေအနေ၊ ကျောင်းများတွင် သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး၊ ကျောင်းတွင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား အဓိကထား၍ ကြည့်ရှုခဲ့ပြီး ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသုံး စာအုပ်များ ပြည့်စုံမှုရှိ/မရှိစစ်ဆေးခြင်း၊ ကျောင်းများ၏ လိုအပ်ချက်များကို ဆရာ/ဆရာမ များအား မှာကြားခြင်း၊ ကျောင်းသား/သူများအား ကျောင်းခေါ်ချိန်ပြည့်မီရေးနှင့် လွယ်ကူစွာ ပညာသင်ကြားနိုင်ရေး ကျောင်းမှန်မှန်တက်ကြရန် အားပေးစကားပြောကြားခဲ့ကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် ကျောင်းအပ်နှံရေး သီတင်းပတ်အား မေ(၂၃)ရက်မှစတင်၍ မေ(၃၀) ရက်နေ့အထိ သတ်မှတ်ထားရှိပြီး အခြေခံပညာကျောင်းများအနေဖြင့် ပိတ်ရက်မရှိ နေ့စဉ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခဲ့ရာ သတ်မှတ်လျာထားချက်ထက် ကျော်လွန်၍ ကျောင်းအပ်နှံကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)