ဝန်းသို ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစီမံချက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါရောဂါကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးတင်ဝင်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးမော်နှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ ကျောင်းဝင်းအတွင်းရှိ ရေစင်၊ ရေသိုလှောင်ကန်၊ ရေနုတ်မြောင်းစသည့် ခြင်ကြားပိုးလောက်လမ်းပေါက်ပွားနိုင်သည့် နေရာများကို ကြည့်ရှုစစ်ဆေးကာ ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေး ခတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေးနှင့်ပတ်သက်၍ မြို့နယ်ကျန်းမာရေးမှူးက ဆရာ၊ ဆရာမများကို အသိပညာပေး ပြောကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်း