လပွတ္တာမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်

လပွတ္တာ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်စွာ ကျောင်းတက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်နိုင်ရေးအတွက် လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်၍ ကျောင်းလာပို့သည့် ကျောင်းသားမိဘများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခြင်း၊ စာသင်ကျောင်းများ သန့်ရှင်းသပ်ရပ်မှုရှိ၊ မရှိစစ်ဆေး၍ စာသင်ခန်းများ၌ လို့အပ်သည်များ မှာကြားဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်းအပြင် လုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၂၄)ဦး တက်ရောက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၆၀၀၄)ဦး တက်ရောက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၆၅၂၈)ဦး ပျော်ရွှင်စွာတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)