မိုးမောက်မြို့နယ်၌ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးမောက် ဇွန် ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စည်းဝေး ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မောင်မောင်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများနှင့်လကုန်လုပ်ငန်းညှိနှိုင်းစည်းဝေးကိုမေလ ၃၁ ရက်ညနေ(၃)နာရီတွင်ကျင်းပခဲ့သည်။

အဆိုပါလုပ်ငန်းအစည်းအဝေး ရပ်/ကျေးရုံးများတွင် ထားရှိသောပုံစံ ၂၇ မျိုးအား  နောက်ဆုံးအခြေနေနှင့် ကိုက်ညီအောင် ပြုစုထားရှိရန်၊ ဌာနမှကောက်ခံလျက်ရှိသော အခွန် ၄ မျိုးအား အပြေအကြေကောက်ခံသွားရန်၊ လ၀က မှ e-ID အိမ်ထောင်စုစာရင်းများ ပြုစုရာ၌ အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းများ မှန်ကန်စေရေး ရပ်/ကျေးအလိုက် တိုက်ဆိုင်စစ်ဆေးထားရန်၊  မြို့မြေ ၊ ရွာမြေ၊ စီမံကိန်းမြေအတွင်း ကျူးကျော်မှုစာရင်းအား ပြုစုတင်ပြရန်၊ ထူခြားဖြစ်စဉ်များအား အချိန်မှီသတင်းပေးပို့ တင်ပြရန်၊ နိုင်ငံခြားသားများ ရောက်ရှိ/ထွက်ခွာစာရင်း တင်ပြကြရန်၊ လယ်ဖွံ့ဘဏ်မှ ထုတ်ချေးပေးသော ရာသီအလိုက်စပါးချေးငွေများ အပြေအကြေ ပြန်လည်ပေးဆပ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး အထက်ဌာနများ၏ လုပ်ငန်းလမ်းညွှန်မှာကြားချက်များအား ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တက်ရောက်လာသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ သိလိုသည်များ မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)