ရွှေသောင်ယံမြို့တွင် စာသင်ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ မြို့အုပ်ချုပ်ရေးမှူးမှ လိုက်လံစစ်ဆေး

ရွှေသောင်ယံ ဇွန် ၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ စာသင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စတင် ကျောင်းတက် ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရွှေသောင်ယံမြို့ရှိ စာသင်ကျောင်းများတွင် ယမန်နေ့က စတင်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းစာသင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်ကြပြီး‌ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးမှ အဆိုပါ စာသင်‌ကျောင်းများသို့ သွားရောက်၍ ကျောင်းလာတက်သည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ လိုအပ်သည်များရှိ/မရှိ‌ တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယနေ့ဇွန်လ(၁)ရက်နေ့သည် ကျောင်းများစတင်ဖွင့်လှစ်ရာ ပထမဦးဆုံးနေ့ဖြစ်သည့်အတွက် စာသင်ကျောင်းများသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် အတူ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများမှ ဝိုင်းဝန်ပို့ဆောင်ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်စေရေးအတွက် စည်းလုံးစွာဝိုင်းဝန်ပံ့ပိုးပေးလျက်ရှိသည်။

ရွှေသောင်ယံ(ပြန်/ဆက်)