မော်လမြိုင်ခရိုင် (Community Centre)ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်သိမ်းရေးနေ့အထိမ်းအမှတ်  အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင် ဇွန် ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ၂၀၂၃ခုနှစ်၊ ဇွန်လ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်သိမ်းရေးနေ့အထိမ်းအမှတ်အကြို မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်သိန်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်သိမ်းရေးနေ့အထိမ်းအမှတ်  အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး  ဒေါ်အေးအေးမွန်နှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသက်နိုင်တို့က ပလတ်စတစ်ညစ်ညမ်းမှုများအကြောင်း၊ ပလတ်စတစ်အမှိုက်များ၏ ဆွေးမြေ့မှုကြာချိန်၊ အဏ္ဏဝါညစ်ညမ်းမှုနှင့် လူသားများအပေါ် သက်ရောက်မှု၊ ပလတ်စတစ်ညစ်ညမ်းမှုများ ထိန်းချုပ်ခြင်း စသည့် ကြိုတင်ကာကွယ်မှုများကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ ဗဟုသုသရဖွယ်အကြောင်းအရာ ကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show)များအဖြစ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ အဆိုပါ ဆွေးနွေးပွဲများကို We Love Mawlamyine Page တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)