မန့်ဟီးရိုး ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၈း၃၀)အချိန်ကစ၍ ကျောင်းသား/သူများ စတင် ကျောင်းတက်ရောက်လျက်ရှိပါသည်။
မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် KG အတန်းတွင် ကျောင်းသား/သူ (၃၅)ဦး၊ Grade-1 တွင် ကျောင်းသား/သူ (၄၇)ဦး၊ Grade-2 တွင် ကျောင်းသား/သူ (၂၆)ဦး၊ Grade-3 တွင် ကျောင်းသား/သူ (၄၄)ဦး၊ Grade-4 တွင် ကျောင်းသား/သူ (၂၁)ဦး၊ Grade-5 တွင် ကျောင်းသား/သူ (၁၁)ဦး၊ Grade-6 တွင် ကျောင်းသား/သူ (၁၆) ဦး၊ Grade-7 တွင် ကျောင်းသား/သူ (၅)ဦးနှင့် Grade-8 တွင် ကျောင်းသား/သူ (၈)ဦး စတင်တက်ရောက် ပညာသင်ကြားလျက်ရှိပြီး ယနေ့တွင် ကျောင်းသား/သူ စုစုပေါင်း (၂၁၃)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ ကျောင်းအပ်နှံခြင်းကိုလည်း ဆက်လက်လက်ခံလျက်ရှိကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရှိရပါသည်။
မန့်ဟီးရိုး(ပြန်/ဆက်)