ကွတ်ခိုင် ဇွန် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူပေါင်း၍ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်း(၁၁)နာရီအချိန်က၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက အသိပညာပေး(Talk Show) ဆွေးနွေးပွဲများပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စန္ဒာထွေးနှင့် အပြန်အလှန်ဆွေးနွေးကြရာ သဘာဝဘေးအန္တရာယ်များအထဲမှ မုန်တိုင်းဘေးအန္တရာယ်အကြောင်းကို အချက်(၇)ချက်ဖြစ်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်သောကာလ၊ မုန်တိုင်းအရောင်သတ်မှတ်ခြင်း၊ မုန်းတိုင်းကြောင့် ဖြစ်ပေါ်လာနိုင်းသော အန္တရာယ်ဆိုးကျိုးများ၊ မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မုန်တိုင်းသတိပေးချက်ရသည့်အခါ ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းတိုက်ခတ်နေချိန်မှာ ဘယ်လိုနေထိုင်ရမလဲ၊ မုန်တိုင်းကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များ အစရှိသည့် အချက်များကို အပြန်အလှန်အကျယ်တဝင့် ဆွေးနွေးသွားကြကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးဆွေးနွေးပွဲ (TalkShow)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို We Love Kutkai Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်မျိုးဦး(ကွတ်ခိုင်)