ရေတာရှည်မြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရေတာရှည်  ဇွန်   ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား ယနေ့  နံနက် ၁၀ နာရီ အချိန်တွင် အ.ထ.က(ရေတာရှည်) အောင်ဆန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေသော ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများအား တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းများသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန့်ဇင်ဝေ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ အင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရေတာရှည် (ပြန်/ ဆက်)