ကလေး ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “စနစ်တကျအမှိုက်စွန့်ပစ်ရေး" ခေါင်းစဉ်ဖြင့် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community center)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဟောပြောပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ဦးစွာဆွေးနွေးပြောကြားခဲ့ပြီး ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိဇင်က ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “စနစ်တကျအမှိုက်စွန့်ပစ်ရေး" ခေါင်းစဉ်ဖြင့် ပလတ်စတစ်ကို လူမှုပတ်ဝန်းကျင်တွင် အသုံးပြုနေခြင်းတွင် ဆိုးကျိုးကောင်းကျိုးများ၊ လျော့ချသုံးစွဲနည်းများ၊ စနစ်တကျ စွန့်ပစ်ခြင်းများ၊ ပလတ်စတစ်များကို ပြန်လည်ပြုပြင်သုံးစွဲခြင်းများကို ဟောပြောဆွေးနွေးခဲ့သည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ၊ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် Online Talk Showများ၊ စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)