တန့်ယန်းမြို့နယ်တွင် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်

တန့်ယန်း ဇွန် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၃)တပ်မတော်ဆေးရုံ နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်က လုံပုံးကျေးရွာအုပ်စု လွယ်လွမ့်ကျေးရွာ၌ ဒေသခံတိုင်းရင်းသား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နယ်မြေခံတပ်နယ်မှ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် တပ်နယ်အသီးသီးမှ အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးကဲများက ကြည့်ရှုအားပေး၍ အမှတ်(၃)တပ်မတော်ဆေးရုံ (ခုတင်-၂၅)မှ ဆရာဝန်၊ ဆရာမများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်းကာ လွယ်လွမ့်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ကျား (၆၂)ဦး၊ မ (၁၀၅)ဦး စုစုပေါင်း (၁၆၇)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)