ရွှေဘို ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘို့မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများယနေ့ ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်၊ စာရေးကရိယာ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် အခြေခံပညာကျောင်း (၆၉)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၄)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၅)ကျောင်းတို့၌ မေလ(၂၃)ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား/သူ စုစုပေါင်း(၁၆၂၈၈) ဦးအထိ ကျောင်းအပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အေးမြင့်စန်း
ခရိုင်(ပြန်/ဆက်)