အုတ်တွင်း ဇွန် ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှမြို့နယ် ဦးစီးမှူးဦးဝင်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဆရာ/ ဆရာမများ၊ မြို့နယ်သာသနာရေးမှူး၊ ကျွဲပွဲမြို့သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့များ၊ ကျွဲပွဲမြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အဖွဲ့နှစ်ဖွဲ့ဖြင့်ကျွဲပွဲမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ သံဃာတော်များ၊ သီလရှင်များနှင့်ဘုန်းတော်ကြီးကျောင်းဝေယျာဝစ္စအဖွဲ့များ ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) ထိုးနှံပေးခဲ့သည်။
အုတ်တွင်းမြို့နယ်အနေဖြင့် ယနေ့တွင် ကျွဲပွဲမြို့ပေါ်ဘုန်းတော်ကြီးကျောင်းပေါင်းခုနစ်ကျောင်းမှ သံဃာတော် ၇၈ ပါး၊သီလရှင် သုံးပါးနှင့် ဘုန်းတော်ကြီးကျောင်းဝေယျာဝစ္စအဖွဲ့ ၁၇ ဦးတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ ဆက်)