ညောင်ဦး ဇွန် ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန် ထမ်းမိသားစုများလပြည်နေ့တိုင်း အစဉ်အလာမပျက်အရုဏ် ဆွမ်းလောင်းလှူခြင်းကို နယုန်လပြည့် မဟာသမယအခါတော်နေ့ ယနေ့နံနက် ၇ နာရီအချိန်ကလောင်းလှူခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် ဉီးဆောင်ကာ ဝန်ထမ်းမိသားစုများမှ ဆွမ်း၊ ကြက်သားငရုပ်သီးကြော်၊ ချဉ်ပေါင်ရွက်မျှစ်ကြော်၊ ပဲနီပြားနှပ် သုပ်၊ပဲကြော်/လဘက်၊ကော်ဖီထုပ်တို့ဖြင့် ဇေယျဝတီ စာသင်တိုက်ရှိ သံဃာ တော် အရှင်သူမြတ်များနှင့် ကျန်စစ်သားဥမင်စာသင်တိုက်ရှိ ဆရာတော်အရှင်သူမြတ်တို့အား လပြည့်နေ့နံနက်တိုင်း အစဉ်လာမပျက် အရုဏ်ဆွမ်းလောင်းလှူခဲ့ရာ ယနေ့နယုန်လပြည့် မဟာသမယ အခါတော်နေ့တွင်လည်း အရုဏ်ဆွမ်း (၂၄)ကြိမ်မြောက် လောင်းလှူ ခဲ့ပြီဖြစ်ကြောင်းသံဃာ အပါး(၈၀)တို့ အားပုံမှန်လောင်းလှူခဲ့ပြီး ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အရုဏ်ဆွမ်းလောင်း လှူခဲ့ကြောင်း သိရသည်။
ဒီပါလင်း