ကွန်ဟိန်း ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် မြို့တွင်းလမ်းများ ကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ ရပ်ကွက်နေပြည်သူများ ဝင်ထွက်သွားလာမှု လွယ်ကူစေရေးအတွက် အမှတ်(၃)ရပ်ကွက်ရှိ သုခလမ်းသွယ်အား မြေလမ်းမှ ကျောက်ခင်းလမ်းအဖြစ် အဆင့်မြင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ကွန်ဟိန်းမြို့ သုခလမ်းသွယ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာန ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်(၄.၃)သန်းဖြင့် အရှည်ပေ ၂၃၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ကျောက်ခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီး လိုအပ်သော အရှည်ပေ ၉၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မကို ကွန်ဟိမ်းမြို့ရှိ နမ့်ခုံးပရဟိတအသင်းမှ ပါဝင်လှူဒါန်းမှုဖြင့် စုစုပေါင်း အရှည် ၃၂၀ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ သုခလမ်းသွယ် ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင် အရာရှိ ဦးအောင်သက်ဦးနှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဆွေဆွေဝင်း၊ နမ့်ခုံးပရဟိတ အသင်းမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)