နတ်မောက် ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲနှင့် နိုင်ငံ့ဝန်ထမ်းအချက် (၃၀) ဖြေဆိုရာတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း အခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ ကျောင်းနေအရွယ် (KG မှ G-12) အထိ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/သူ (၄၄) ဦးတို့အား ထောက်ပံ့ငွေများနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းအချက် (၃၀) ဖြေဆိုရာတွင် ဆုရရှိသည့် ဝန်ထမ်း (၉) ဦး တို့အားဆုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းကော်မတီဥက္ကဋ္ဌှတို့က အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)