မိုင်းဖြတ် ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကွက်သစ်ရပ်ကွက်အတွင် လမ်း/တံတားများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များသည် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် (ပထမ၃လပတ် ငွေလုံးငွေရင်း)ဖြင့် ကွက်သစ်ရပ်ကွက် ၅ လမ်းတွင် ခန့်မှန်းကုန်ကျငွေ (၅.၉)ကျပ်သန်းဖြင့် အလျား၂၀ပေ၊ အနံ၃ပေ၊ အမြင့် ၂ပေအတိုင်းတာရှိSlab Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ခန့်မှန်းကုန်ကျငွေ(၁၈.၁)ကျပ်သန်း(ပြည်နယ်၏ ကတ္တရာထောက်ပံ့မှု) ဖြင့် လမ်းအရှည် ၅၂၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မ အတိုင်းအတာရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ၆၀ရာခိုင်နှုန်း ပြီးစီးမှုးအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင် များသည် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် ခွင့်ပြုရန်ပုံငွေ(၂.၂)ကျပ်သန်းဖြင့် လမ်းအကျယ်၂၄ပေ၊ အမြင့်၂ပေအတိုင်းအတာရှိရေပြွန် ၂ စင်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်း
ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်တို့က လုပ်ငန်း အခြေအနေများကို လိုက်လံရှင်း လင်းပြသခဲ့ပြီး ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးကို အလေးထား ဦးစားပေးဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)