မချမ်းဘောမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

မချမ်းဘော ဇွန်  ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်နှင့် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများထူထောင်လာနိုင်စေရန် ရည်ရွယ်၍ ပူတာအိုခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုန် လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၁ နာရီက နမ်ခမ်ကျေးရွာ ကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက သင်တန်းဆင်း အမှာစကားပြောကြားကာ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဖြိုးက သင်တန်းပို့ချခဲ့မှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် သင်တန်းမှတ ဆင့်ရရှိခဲ့တဲ့ ပညာရပ်များကို အမှန်တကယ်အကျိုးရှိစွာအသုံးချကြရန်နှင့် မိသားစုတစ်နိုင် တစ်ပိုင် အသေးစား အလတ်စား လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားကြရန် လိုကြောင်းထည့် သွင်းပြောကြားခဲ့ပြီးနောက် သင်တန်းဆင်းလက်မှတ်များနှင့် လူသုံးကုန်ထုတ်လုပ်ထားမှုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကပေးအပ်ခဲ့ ကြပြီးနောက် သင်တန်းတွင် ထူးချွန်စွာ လေ့လာသင်ယူခဲ့ပြီး ဌာနတွင်မှတ်ပုံတင်၍ လုပ်ငန်းပြန်လည် လုပ်ကိုင်မည့် သင်တန်းသူများအား ပူတာအိုခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မချမ်းဘောမြို့နယ်တွင် ပထမအကြိမ် အသက်မွေးဝမ်းကျောင်း တန်းကို နမ်ခမ်ကျေးရွာ ဒေသခံသင်တန်းသား(၂၂)ဦးဖြင့် မတ်လ၂၀ရက်နေ့မှ မတ်လ၂၄ရက်နေ့အထိလည်းကောင်း၊  ဒုတိယအကြိမ် လူသုံးကုန်ထုတ်လု ပ်မှု နည်းပညာသင်တန်းကို ထရန်ဒမ်းကျေးရွာ ဒေသခံသင်တန်းသား(၂၀)ဦးဖြင့် မေလ၈ ရက်နေ့မှ မေလ ၁၂ ရက်နေ့အထိလည်းကောင်း၊ ယခုတတိယ အကြိမ်အဖြစ် လူသုံးကုန် ထုတ်လုပ်မှုနည်း ပညာသင်တန်းကို  မေလ ၂၉ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိလည်းကောင်း သင်ကြားပို့ချ ပေးခဲ့ပြီး ၎င်းသင်တန်းသည် ဒေသခံများအတွက် အလုပ်အကိုင်အခွင့် အလမ်း ရရှိကာ မိသားစုဝင်ငွေရရှိရုံသာမက တစ်နိုင်တစ်ပိုင် လုပ်ငန်းများထူထောင်လာနိုင်ကာ အသေးစား အလတ်စားစက်မှု လုပ်ငန်းရှင်များဖြစ်သည်အထိ အထောက်အကူပြုသော သင်တန်း ဖြစ်ကြောင်းသိရသည်။

ယောရွှေနီ(မချမ်းဘော)