နောင်ချိုမြို့ သာသနာ နှစ်ထောင့်ငါးရာ စေတီတော်၌ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

နောင်ချို  ဇွန် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သာသနာနှစ်ထောင့်ငါးရာ စေတီတော်၌ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းမှတင် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပဋ္ဌာန်းရွတ်ဆိုပူဇော်မှု မစတင်မီ ဇွန်လ (၁)ရက်နေ့ ညပိုင်း၌ ဆရာတော်သံဃာတော်များမှ မဟာသမယသုတ်တော်ဖြင့် မြတ်စွာဘုရားသခင်အား ရွတ်ဖတ်ပူဇော်ကြည်ညိုခဲ့ကြပြီး ဇွန်လ(၂)ရက် (နယုန်လပြည့်နေ့) နံနက်ပိုင်းမှစတင်၍ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပ ဆောင်ရွက်ခဲ့သည်။

နောင်ချိုမြို့ သာသနာနှစ်ထောင့်ငါးရာ စေတီတော်၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ခြင်းကို ဒုတိယ အကြိမ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂ရက်နေ့ (နယုန်လပြည့်နေ့)မှ ဇွန်လ ၆ရက်နေ့ (နယုန် လပြည့်ကျော် ၄ရက်)နေ့ အထိ(၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းနှင့် ပဌာန်းရွတ် ဖတ်ပူဇော်ရာသို့ ဗုဒ္ဓဘာသာသူတော်စင်များ နေ့စဉ်၊ ညစဉ် ပဋ္ဌာန်းတရားတော်များကို လာရောက် နာကြားလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)