ကျောက်ဆည် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေ သီးနှံမျိုးစုံ ပျိုးထောင်စိုက်ပျိုးနိုင်ရေး ဆည်ရေများပေးဝေလျက်ရှိကြောင်းသိရှိရပြီး နွေစပါးများ စတင် ပျိုးထောင်စိုက်ပျိုးလျက်ရှိရာ သင်တောင်းကျေးရွာတွင်စိုက်ပျိုးထားသော စပါးခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါးများကို ဇော်ဂျီဆည်မှ စိုက်ပျိုးရေဖြင့် ရေပေးဝေသည့် မင်းရဲ စိုက်ပျိုးရေပေးမြောင်တွင် (၁၀၀)ဧက၊ သင်တွဲစိုက်ပျိုးရေပေးမြောင်းတွင်(၂၅၀)ဧက၊ တမုတ်စိုက်ပျိုးရေ ပေးမြောင်းတွင်(၁၅၀)ဧကနှင့်မြေအောက်ရေ(စက်ရေတွင်း)ဖြင့်(၅၃)ဧက စုစုပေါင်း(၅၅၃)ဧက လျာထား စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် စပါးသီးနှံများ စိုက်ပျိုးရာတွင် မနောသုခ၊ ရွှေမနော်နှင့် GW-11 စပါးမျိုးများ စိုက်ပျိုးကြပြီး စပါးသီးနှံများ အောင်မြင်သည်အထိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်ခရိုင် (ပြန်/ဆက်)