ညောင်ဦး ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ပုန်းရည်ကြီးဖိုလုပ်ငန်းရှင်းများ ပုန်းရည်ကြီး ဈေးအတက်အကျမရှိဘဲ ရောင်းအားကောင်းလာခြင်းနှင့်အတူ ပုန်ရည်ကြီးလုပ်ငန်းလုပ်ကိုင်သူများပြားလာကြောင်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာ ပုန်းရည်ကြီးလုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ပုန်းရည်ကြီးလုပ်ငန်းလုပ်ကိုင်သူများပြားပြီး ပုန်းကြီးလုပ်ငန်းအတွက် ပဲပိစပ်ပဲများအား သာဝတ္ထိမြို့သို့ သွားရောက်ဝယ်ယူကြကြောင်း၊ တစ်တင်းခွဲ တစ်အိတ် ငါးသောင်းကျပ်ပေးဝယ်ရပြီး ကိုဗစ်-၁၉ ကူးစက်မှုအများဆုံးကာလအတွင် ပဲပိစပ်တစ်တင်းခွဲ အိတ်တစ်အိတ်သည် နှစ်သောင်းကျပ်မှ နှစ်သောင်းခွဲကျပ်သာ ပေးဝယ်ခဲ့ရပြီး ယခုအခါ ပဲပိစပ်(၂၄)ပြီအိတ် ကိုးသောင်းကျပ် ပေးဝယ်ရကြောင်း၊ ပဲပိစပ်ဈေးနှုန်း ဈေးကြီးပေးဝယ်ရသော်လည်း ပုန်းရည်ကြီးချိုချက်ပြီးချိန် ဈေးနှုန်းမတက်ဘဲ ပုန်းရည်ကြီး တစ်ပိသာ ငါးထောင်ကျပ်ဖြင့် လှိုင်လှိုင်ရောင်းချနေရကြောင်း၊ ပုန်းကြီးဖိုလုပ်ငန်းရှင်များ ပုန်းရည်ကျိုချက်ရောင်းချခြင်းလုပ်ငန်းများမှာလည်း ပြန်လည်ပုံမှန်အတိုင်း လည်ပတ်ရောင်းချလုပ်ကိုင်ကြခြင်းကြောင့် နေ့စားအလုပ်သမားများသာမက ပုန်းရည်ကြီးထုပ်အလုပ်သမားများပါ အလုပ်အကိုင်များ ပေးလာနိုင်ခြင်းကြောင့် မိသားစုဝင်ငွေလည်း တစ်နိုင်တစ်ပိုင် ဖြေရှင်းပေးနိုင်ကြကြောင်း ငါ့သရောက်မြို့၊ ဆည်ကျေးရွာမှ ပုန်ရည်ကြီးထုပ်သမ ဒေါ်ဝင်းဝင်းအေးမှ ပြောကြားသည်။
ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ပုန်းရည်ကြီးလုပ်ကိုင်ကြသည့် ပုန်းရည်ကြီးဖို သုံးဆယ်ငါးဖိုခန့်ရှိကြောင်း၊ ထွက်ရှိလာသည့် ပုန်းရည်ကြီးများအား တံဆိပ်အမျိုးမျိုးဖြင့် ထုတ်ပိုးပြင်ဆင်ပြီး မြန်မာပြည်အရပ်ရပ်သို့ ဖောက်သည်များမှတဆင့် တင်ပို့ရောင်းချခြင်း၊ ပုန်းရည်အလွတ်များ ဝယ်ယူပြီး ပြန်လည်တံဆိပ်တပ်ရောင်းချကြကြောင်း၊ ပုန်းရည်အခြောက်နှင့် အစိုနှစ်မျိုး ထုတ်လုပ်ရောင်းချကြပြီး၊ ပုန်းရည်အစိမ့်နှင့် အချဉ်တို့ကို ကျိုချက်ရောင်းချကြကြောင်းသိရပြီး ပုန်းရည်ကြီးဈေးနှုန်းမတက်ဘဲ ပုန်းရည်ကြီးဖိုများလုပ်ငန်း တွင်ကျယ်စွာ ပြန်လည်လုပ်ကိုင်ရောင်းချလာကြကြောင်း သိရသည်။
ဒီပါလင်း