ဖြူးမြို့နယ်တွင် AIt GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units)နှင့် စာရင်းကောက်ကွက်မြေပုံများ ရေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်

​ဖြူး ဇွန် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် Alt GIS နည်းပညာအသုံးပြု၍ Census Units များ ရပ်ကွက်အလိုက် ရေးဆွဲခြင်းလုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များ ရေးဆွဲခြင်းလုပ်ငန်းအား ယနေ့နံနက် (၉)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်အတွင်း မြို့ပေါ် (၁၀)ရပ်ကွက်၊ ဇေယျဝတီမြို့(၄)ရပ်ကွက်၊ ကညွတ်ကွင်းမြို့ (၄)ရပ်ကွက် စုစုပေါင်း(၁၈)ရပ်ကွက်အတွင်း AIt GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်းယူနစ်များ (Census Units)နှင့် စာရင်းကောက်ကွက်မြေပုံများ ရေးဆွဲခြင်းလုပ်ငန်းများကို ပြည်သူ့အင်အားဦးစီးဌာန(ရုံးချုပ်)ပညာရှင်ဝန်ထမ်းများ၊ ဖြူးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပူးပေါင်း၍ Computer/Mobile tablet ဖြင့် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲခြင်း၊ စစ်ဆေးအတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်​နေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာသို့ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ငူခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူနှင့် မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းတို့က လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)