ဒေးဒရဲမြို့၌ e ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင်ခြင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဒေးဒရဲ ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနက e. ID စနစ်ဖြင့် ပြည်သူများ၏လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် unique ID ထုတ်ပေးနိုင်ရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်သည့် အခြေခံစနစ်များ တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁)နာရီက မြို့ပေါ်ရပ်ကွက်များ၊ စျေးများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင်နှင့် ဝန်ထမ်းများက  နိုင်ငံအတွင်း နေထိုင်သူများကို အီလက်ထရောနစ်စနစ်ဖြင့်  ကိုယ်ရေး အချက်အလက်များနှင့် ဇီဝအချက်အလက်များ ကောက်ယူမှတ်ပုံတင်၍ UID နံပါတ်များ သတ်မှတ်ထုတ်ပေးမည့် လုပ်ငန်းများနှင့် e. ID စနစ်ဖြင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ Sim ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်၊ ယာဥ်မောင်းလိုင်စင်စသည့် ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် e. ID စနစ်အခြေခံ အကြောင်းအရာများပါ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း