လပွတ္တာမြို့နယ်၌ မိုးရာသီလူထုလှုပ်ရှားမှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

လပွတ္တာ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီခွဲအချိန်က ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံရှေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းချမ်းနှင့်ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများစုစုပေါင်း အင်အား(၇၀၀)ခန့်တို့က မန်ဂျန်ရှား(၆၀၀)ပင်၊ မဟော်ဂနီ (၅၀) ပင်၊ ကျွန်း(၂၀)ပင်၊ ခရေ (၂၀)ပင်၊ ယူကလစ် (၅၀)ပင် စုစုပေါင်း အပင်ပေါင်း (၇၄၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)