လပွတ္တာ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေအား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီချိန်က လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွေးနဒီခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရက လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူများလိုက်နာရမည့် စည်းကမ်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း ဆွေးနွေးခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဦးဝင်းလွင်က လယ်ယာမြေလုပ်ပိုင်ခွင့်ရသူများ၏ အခွင့်အရေး၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားဖြေရှင်းခြင်းနှင့် အယူခံခြင်းစသည့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး အကျယ်တဝင့် ဆွေးနွေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း စုစုပေါင်း အင်အား (၁၅၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)