ကျွန်းလှ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံများ ရရှိစေရန်အတွက် ဟင်းသီးဟင်းရွက် စိုက်ပျိုးသော တောင်သူများအား GAP နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝ မြေဩဇာပြုလုပ်သုံးစွဲနည်း၊ သဘာဝပိုးပြေးဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်းတို့ကို ရှင်းလင်းပြောကြားကြသည်။
အဆိုပါ သင်တန်းသို့ ကျွန်းလှမြို့နယ်အတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူ ၂၅ ဦး တက်ရောက်ကြပြီး ကောက်ရိုးမှိုနှင့် ငွေနှင်းမှို မျိုးထုတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ