ဖျာပုံမြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဖျာပုံ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် "ပလတ် စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့" ဟူသောဆောင်ပုဒ်နှင့် အညီ ပလတ်စတစ်ထုတ်လုပ်စွန့်ပစ်ခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှု၏ အန္တရာယ်များအား သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အထက-(၁) ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဖျာပုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာလှိုင်က ကမ္ဘာ့ကုလသမဂ္ဂမှ ပေးပို့သော ၂၀၂၃ ခုနှစ်ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။ ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် "ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ်ထုတ်လုပ်စွန့်ပစ်ခြင်း၊ ပလတ်စတစ် ညစ်ညမ်းမှု၏ အန္တရာယ်များအား သိရှိစေရန် အသိပညာပေး Video အား projector ဖြင့် ပြသ၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)