သဲကုန်းမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သဲကုန်း ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး၊ ဂေဟစနစ် တည်ငြိမ်မှုအား အထောက်အကူပြုစေရေး၊ ပြည်သူလူထုမှသစ်ပင်စိုက်ပျိုးလိုစိတ်ဖြစ်ပေါ်လာပြီး  သစ်တောသစ်ပင်များကို ချစ်ခင်တန်ဖိုးထားတတ်စေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများမှရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ယနေ့နံနက် ၈နာရီက သဲကုန်းမြို့နယ် ရဲ့ရဲ့ကန်အုပ်စု၊ တောင်းချောင်းကွက်သစ်(ရှားပြင်ဘိနယ်) ၌ကျင်းပခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ အဖွဲ့ဝင်ဗိုလ်မှူးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာမှ မြို့နယ်ဦးစီးမှူးဦးသိန်းလွင်နှင့် ဝန်ထမ်းများကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေခံပြည်သူများက ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယူကလစ်၊ ရေတမာ၊ စိန်ပန်းကြီး(အနီ) စသည့်ပျိုးပင်ပေါင်း (၃၆၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့သည်။

မြို့နယ် (ပြန်/ ဆက်)