ဆင်ပေါင်ဝဲ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ဇောင်ချမ်းတောင်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူပြည်သူများအား လူဝင်မှုကြီ းကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးစောလှမောင်၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ဇောင်ချမ်းတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ ပန်းခင်းစီမံချက် (၂) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ ဒု-လဝကမှူး ဦးအောင်မြင့်ဌေးနှင့် ဝန်ထမ်းများက ဇောင်ချမ်းတောင် ကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူပြည်သူများအား အသက် (၁၀) နှစ်ပြည့်ပြီးသူနှင့် အသက် (၁၈)နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး၊ မြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာများကိုလည်း နေ့ရက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)