မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်၊ ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ အပြင်ထွက်သွားလာရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် အသိ၊ သတိရှိစေရန် ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်၊ ပါးစပ်နှင့် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မိုင်းရယ်မြို့အဝင်ဂိတ်နှင့် မြို့လယ်ဘုရားရှေ့တို့တွင် ပြုလုပ်သည်။

မင်းလှမြို့၌ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးမည့် တောင်သူများအား တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြိုနယ်တွင်၂၀၂၃ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးမည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းအား မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာတွင် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ် ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက သံတောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာနေမင်း ကျော်ငြိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများသို့ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းများအတွက် ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မေလ ၃၀ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် လူနေအိမ်များပြိုလဲခြင်း၊ အိမ်အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စုများနှင့် မိသားစုဝင်များသို့ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်ခဲ့သည်။

အမ်းမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ကျေးလက်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များအတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင် ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ လေပြင်းမုန်တိုင်းအန္တရာယ်ခံစားခဲ့ရသည့် အသက်(၇၀)နှစ်နှင့်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၅)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လေပြင်းမုန်တိုင်းအန္တရာယ်ခံစားခဲ့ရသည့် အသက်(၇၀)နှစ်နှင့် အထက်ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၅)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြိုင်ကုန်းကျေးရွာရှိ နဂါးမောက်ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးအတွက်သွားရောက်ကူညီကြမည့် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ အားထောက်ပံ့ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မိုးခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်သို့ သဘာဝဘေး ကူညီရှင်းလင်းရေးလုပ်ငန်းများ /ပြန်လည်ထူထောင်ရေးလုပ်ငန်းများပူပေါင်းဆောင်ရွက်ရန် တပ်ကူအဖြစ် သွားရောက်မည်ဖြစ်သော ညောင်ဦးမြို့နယ် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရုံးခန်း၌ ယမန်နေ့နေ့လယ် ၂ နာရီခွဲအချိန်က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
Subscribe to