မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးအတွက်သွားရောက်ကူညီကြမည့် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ အားထောက်ပံ့ငွေပေးအပ်

ညောင်ဦး  ဇွန် ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မိုးခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်သို့ သဘာဝဘေး ကူညီရှင်းလင်းရေးလုပ်ငန်းများ /ပြန်လည်ထူထောင်ရေးလုပ်ငန်းများပူပေါင်းဆောင်ရွက်ရန် တပ်ကူအဖြစ် သွားရောက်မည်ဖြစ်သော ညောင်ဦးမြို့နယ် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရုံးခန်း၌ ယမန်နေ့နေ့လယ် ၂ နာရီခွဲအချိန်က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရာ သဘာဝဘေး ကူညီရှင်းလင်းရေးလုပ်ငန်းများ/ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူပေါင်းဆောင်ရွက်နိုင်ရန် တပ်ကူအဖြစ်သွားရောက်မည်ဖြစ်သော ညောင်ဦးမြို့ နယ်ရှာဖွယ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအတွက် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ် စီမံအဖွဲ့ဝင်များမှ ထောက်ပံ့ငွေ ငါးသိန်းကျပ်နှင့်ခေါက် ဆွဲခြောက်များထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့မြို့နယ်မှ ရခိုင်ပြည်နယ်သို့ တပ်ကူသွားရောက်ကြမည့် ရှာဖွေ ကယ်ဆယ်ရေးတပ် ဖွဲ့ဝင်များအား အသိအမှတ်ပြု ဂုဏ်ပြုထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ယခုထောက်ပံ့ငွေအား ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့်ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ကြောင်းသိရပြီး ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မိမိတို့ မြို့နယ်အတွက် သာမဟုတ် မြန်မာပြည်နေရာအနှံ့အပြား သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက် အမြဲအသင့်ရှိနေကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှသိရသည်။

ဒီပါလင်း